Monday, October 24, 2011

ကြိုး

နူးညံ့တဲ့ ဟန်ပန်
ညင်သာတဲ့ တွယ်တာမှုနဲ့
နွယ်ပင်လို တစ်ရစ်ရစ်တိုး
သံယောဇဉ်….. ကြိုး။
ရုန်းလေ တိုးလေ
ရုန်းဖို့ ခက်လေ
အထပ်ထပ် ရစ်နွယ်
အရောင်တွေ မခြယ်
အဖြူရောင်
သံယောဇဉ် …....ကြိုး။      

Thursday, October 20, 2011

အချစ်

အချစ်မှာ
ဘယ်လို တန်ခိုးစွမ်းအားများပိုင်ဆိုင်ထားလဲ
အချစ်ကြောင့်
ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေ နှေးသွားတယ်
အမှားအမှန်ကို မခွဲခြားနိုင်တော့ဘူး
မျက်စိတွေ မှုန်သွားတယ်
အပြစ်အနာအဆာတွေ မမြင်တော့ဘူး
သူ့ရဲ့ ကောင်းကွက်လေးတွေပဲ မြင်တော့တယ်
နားတွေ လေးသွားတယ်
ဘယ်သူတွေ ဘာပြောပြော
နားမ၀င်တော့ဘူး
သူ့စကားတွေပဲ ကြားတော့တယ်……..။

Tuesday, October 11, 2011

ဆုတောင်း

 သဘာဝကပေးတဲ့
 ငြိမ်းချမ်းအေးမြမှုတွေ
 စိမ်းစိုလန်းဆန်းမှုတွေ
 နွေးထွေးတောက်ပမှုတွေ
 ဖြစ်တည်နေတဲ့
 သဘာဝအလှတရားများ
 မပျောက်မကွယ် 
 ကမ္ဘာတည်သ
 တည်မြဲ ရှိနေပါစေ

Saturday, October 8, 2011

A Life

No word, no music …
but beats in the heart
No spark, no flame …
but a light in the head.
Know what?
It’s Love and Truth!
Pure and clear, … are they …
ever singing and shining.
A life, humble and happy.     1.6.2001  Moe Hein
                                        ( Son of Journal Kyaw )