Friday, August 23, 2013

မသိခြင်း

မညှာ မသနား
လှည့်ဖျား လိမ်ညာ
သစ္စာ စည်းဖောက်
မေတ္တာ ပျောက်
ကျောခိုင်းရက်သည်
ဘယ့်အတွက်ကြောင့်
လုပ်ရက်လေသလဲ
အဖြေလဲ ညှိမရ
ဒဏ်ရာများနဲ့ ရှေ့ဆက်
ဒီဘ၀နဲ့သာ 
ဝဋ်ကြွေးပြတ်ပါစေတော့လေ ….



Thursday, February 28, 2013

ခေါင်းစဉ်မသိ ခံစားမိကဗျာတစ်ပုဒ်



ဘေးရန်အပေါင်းမှ လုံခြုံရန်
ငါ ဆုမတောင်း ...
လာမည့်ဘေးကို ပြေးတွေ့နိုင်ရန်သာ
ငါ ဆုတောင်း၏ ...
ဝေဒနာကို သက်သာစေရန်
ငါ ဆုမတောင်း ...
အောင်နိုင်ရန်ကိုသာ
ငါ ဆုတောင်း၏ ...
ဘ၀တိုက်ပွဲ၌
မဟာမိတ်အပေါင်းကို ငါ မရှာ ...
ငါ၏ခွန်အားကိုသာ ငါ အားကိုး၏ ...
အကယ်ဆယ်ခံရန်
ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငါ မမျှော်လင့် ...
ငါ၏ လွတ်လပ်မှုကိုရရန်
စိတ်ရှည်မှုကိုသာ ငါ မျှော်လင့်၏ ...
အောင်မြင်သည့်အခါတွင်
သင့်ဂရုဏာကို အားကိုးနေသည့်
လူကြောက်တစ်ယောက် ငါ မဖြစ်လို ...
ဆုံးရှုံးသည့် အခါတွင်
သင့်လက်ကို ဆုပ်ကိုင်နိုင်သည့်
ကိုယ် ဖြစ်ရပါလို၏ ...                        တဂိုး 

Monday, December 31, 2012

I wish.....



I wish I had a good friend,
someone who will always be with me until the end.

who’s really caring and very kind,
who also has a clever mind,

I want a friend who will give good advise,
who won’t have any lice!

I want a friend who would not pretend,
who would also know the new styles and trend

Mahnoor

Wednesday, November 7, 2012

ဟံသာဝတီခေတ် ကဗျာတစ်ပုဒ်



 လွမ်းလျက်နေရာ၊
 ရွာလာသည်လည်း
 ထွေလည်မောစွ၊ 
 ရီရောပြိုးပြွမ်း၊
 မိုးချမ်းခါလု၊ 
 ရတုဝ
 ဟေမန်လ၀ယ်၊ 
 ကျတဝေေ၀၊
 စွေတမှေးမှေး၊
 သေးတဖွဲဖွဲ၊ 
 လွမ်းဆေးကြဲ ….          ဟံသာဝတီခေတ် စာဆိုရှင် ရှင်ဓမ္မဓဇ  

( ကဗျာခေါင်းစဉ် လဲမသိ၊ အပြည့်အစုံလဲမသိတဲ့ ကဗျာလေးပါ။
  နှစ်သက်လို့ ကူးယူထားတာပါ။ )

အနုပညာကျွန်း



အနုပညာကျွန်း
ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော၊ လှေအမျောမှာ
တယောလဲ့လဲ့၊ တီးတိုးနွဲ့ရင်း
ဆိုဖွဲ့သီချင်း၊ ဖြည်းညင်းညင်းဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။

အဲ့သည်မှာလေ
စာပေကိုဖတ်၊ ကဗျာစပ်လိုက်
ဆောက်အပ်တွေစု၊ ရုပ်တု ထုလိုက်
နုရင့်ရောင်တွဲ၊ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။

နေရစ်တော့နော်
ကြော့ကြော့ကလေး၊ လအေးအေးအောက်
ငှက်တေးသံညင်၊ မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ် ......               ကြည်အေး

Tuesday, April 24, 2012

အဖြေ

အရာအားလုံးကို
ပုံသေနည်းနဲ့တွက်ချက်
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ရှေးစကား ကျမ်းကိုးကားနဲ့
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ပတ်ဝန်းကျင်စကား အတွေးများနဲ့
အဖြေထုတ်ကာ ကြည့်မလား
နည်းအမျိုးမျိုးနဲ့တွက်ချက်
အဖြေမှန် ထွက်လာနိုင်ပေမဲ့
တစ်ခါတစ်လေ ပုံသေနည်း
ကျမ်းကိုးကား ဘေးစကားတွေနဲ့ မညီ
အဖြေညှိခက် ပဟေဠိ အချက်အလက်တွေနဲ့
ကွဲလွဲချက်တွေ ရှိနေပါသေးတယ်

Thursday, March 29, 2012

လားရှိုး View Point


ကြည်ပြာသော ကောင်းကင်
တောင်တန်းပြာ နောက်ခံရယ်နဲ့
တိမ်စိုင်တိမ်လိပ် အပြည့်အသိပ်ကို
မြေကပ် အပင်ရိုင်းငယ်တွေနဲ့
အနားသပ် ဘောင်ကွပ်ထားလို့
မြေပြင်မှာလော တိမ်ပေါ်မှာလော
မဝေခွဲနိုင်အောင် လှနိုင်ပါပေ့
 သဘာဝ အလှတရားရယ်...