Thursday, February 28, 2013

ခေါင်းစဉ်မသိ ခံစားမိကဗျာတစ်ပုဒ်



ဘေးရန်အပေါင်းမှ လုံခြုံရန်
ငါ ဆုမတောင်း ...
လာမည့်ဘေးကို ပြေးတွေ့နိုင်ရန်သာ
ငါ ဆုတောင်း၏ ...
ဝေဒနာကို သက်သာစေရန်
ငါ ဆုမတောင်း ...
အောင်နိုင်ရန်ကိုသာ
ငါ ဆုတောင်း၏ ...
ဘ၀တိုက်ပွဲ၌
မဟာမိတ်အပေါင်းကို ငါ မရှာ ...
ငါ၏ခွန်အားကိုသာ ငါ အားကိုး၏ ...
အကယ်ဆယ်ခံရန်
ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငါ မမျှော်လင့် ...
ငါ၏ လွတ်လပ်မှုကိုရရန်
စိတ်ရှည်မှုကိုသာ ငါ မျှော်လင့်၏ ...
အောင်မြင်သည့်အခါတွင်
သင့်ဂရုဏာကို အားကိုးနေသည့်
လူကြောက်တစ်ယောက် ငါ မဖြစ်လို ...
ဆုံးရှုံးသည့် အခါတွင်
သင့်လက်ကို ဆုပ်ကိုင်နိုင်သည့်
ကိုယ် ဖြစ်ရပါလို၏ ...                        တဂိုး 

1 comment:

စံပယ်ချို said...

latt ရေ သတိတရရှိနေပါတယ် စာတွေတတ်နိုင်သလောက်တော့ ရေးတင်ပါကွယ်
ကဗျာလေးကိုအရင်ကဖတ်ခဲ့ဖူးတယ် ဘယ်တုန်းကလဲ
မသိတော့ဘူး ကြာခဲ့ပြီလေ------

လာမည့်ဘေးကို ပြေးတွေ့နိုင်ရန်သာ ငါ ဆုတောင်း၏
အောင်နိုင်ရန်ကိုသာ ငါ ဆုတောင်း၏
တဂိုးကိုဂျက်ဖေဖေကလဲ အရမ်းကြိုက်တာ
သတိတရအမြဲရှိနေသူပါနော်