Thursday, January 19, 2012

အတ္တ


ဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးထင်တာလဲ အတ္တ
မဖြစ်နိုင်ဘူးထင်တာ ဖြစ်သွားတာလဲ အတ္တ
ဖြစ်သွားတာကို မဖြစ်ချင်တာလဲ အတ္တ
မဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်တာလဲ အတ္တ
ဖြစ်အောင်လုပ်လိုက်တာကို ဖြစ်နိုင်ပါ့မလားထင်တာလဲ အတ္တ
အတ္တ တွေတစ်ခုပြီး တစ်ခုထပ်လာလိုက်တာ
မဆုံးနိုင်တဲ့ အတ္တ တွေဖြစ်နေပါလား။

Tuesday, January 17, 2012

အလှပိုင်ရှင်

  သင်းပျံ့တဲ့ရနံ့
  အေးမြသောအရသာ
  အရောင်မှာ ၀ါရွှေသွေး
  နှစ်သက်ဖွယ် ရိုးရာ သနပ်ခါး
  နူးညံ့သော မျက်နှာမှာ ခြယ်မှုန်း
  ကြည်လင်သော မျက်နှာ
  အမြင်မှာ လန်းဆန်း
  တောက်ပသော မျက်လုံးအစုံ
  ဇင်ယော်တောင် မျက်ခုံး
  လှပသော နှာတံ
  သန္တာရောင် နှုတ်ခမ်း
  အပြုံးပန်းလေး တွဲခို
  ဖြောင့်စင်းသော ဆံနွယ်များနဲ့
  ကိုယ်ဟန်လေးလှပ တင့်တယ်
  ချစ်စရာ့ မိန်းမပျိုငယ်။