Tuesday, April 24, 2012

အဖြေ

အရာအားလုံးကို
ပုံသေနည်းနဲ့တွက်ချက်
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ရှေးစကား ကျမ်းကိုးကားနဲ့
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ပတ်ဝန်းကျင်စကား အတွေးများနဲ့
အဖြေထုတ်ကာ ကြည့်မလား
နည်းအမျိုးမျိုးနဲ့တွက်ချက်
အဖြေမှန် ထွက်လာနိုင်ပေမဲ့
တစ်ခါတစ်လေ ပုံသေနည်း
ကျမ်းကိုးကား ဘေးစကားတွေနဲ့ မညီ
အဖြေညှိခက် ပဟေဠိ အချက်အလက်တွေနဲ့
ကွဲလွဲချက်တွေ ရှိနေပါသေးတယ်