Showing posts with label ကဗျာမမည်သော ကဗျာများ. Show all posts
Showing posts with label ကဗျာမမည်သော ကဗျာများ. Show all posts
Friday, August 23, 2013
မသိခြင်း
မညှာ မသနား
လှည့်ဖျား လိမ်ညာ
သစ္စာ စည်းဖောက်
မေတ္တာ ပျောက်
ကျောခိုင်းရက်သည်
ဘယ့်အတွက်ကြောင့်
လုပ်ရက်လေသလဲ
အဖြေလဲ ညှိမရ
ဒဏ်ရာများနဲ့ ရှေ့ဆက်
ဒီဘ၀နဲ့သာ 
ဝဋ်ကြွေးပြတ်ပါစေတော့လေ ….
Tuesday, April 24, 2012
အဖြေ
အရာအားလုံးကို
ပုံသေနည်းနဲ့တွက်ချက်
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ရှေးစကား ကျမ်းကိုးကားနဲ့
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ပတ်ဝန်းကျင်စကား အတွေးများနဲ့
အဖြေထုတ်ကာ ကြည့်မလား
နည်းအမျိုးမျိုးနဲ့တွက်ချက်
အဖြေမှန် ထွက်လာနိုင်ပေမဲ့
တစ်ခါတစ်လေ ပုံသေနည်း
ကျမ်းကိုးကား ဘေးစကားတွေနဲ့ မညီ
အဖြေညှိခက် ပဟေဠိ အချက်အလက်တွေနဲ့
ကွဲလွဲချက်တွေ ရှိနေပါသေးတယ်
Thursday, March 29, 2012
လားရှိုး View Point
ကြည်ပြာသော ကောင်းကင်
တောင်တန်းပြာ နောက်ခံရယ်နဲ့
တိမ်စိုင်တိမ်လိပ် အပြည့်အသိပ်ကို
မြေကပ် အပင်ရိုင်းငယ်တွေနဲ့
အနားသပ် ဘောင်ကွပ်ထားလို့
မြေပြင်မှာလော တိမ်ပေါ်မှာလော
မဝေခွဲနိုင်အောင် လှနိုင်ပါပေ့
 သဘာဝ အလှတရားရယ်...
Wednesday, March 28, 2012
မြို့ မျက်နှာဖုံး
 ရယ်နေသောလဲ
 ပျော်ရွှင် မနေပါ
 ငိုနေသောလဲ
 မြို့ပြရဲ့ အရှိန်အ၀ါ
 လူတွေရဲ့ လောဘ
 အတ္တ မာနတွေအောက်
 အတုံးအရုံး ပြိုလဲ
 အမှန် မျက်နှာမရှိ
 ဟန်ဆောင် မျက်နှာဖုံးတွေနဲ့မို့
 မြို့ မျက်နှာဖုံး ရယ်လို့  ဂုဏ်တင်ကာ
 အမည်တပ်ရမလို ဖြစ်နေပြီ  
Wednesday, February 1, 2012
မည်သို့ပင်ဖြစ်စေ
 အမြင်မှားချင်လဲ မှားမည်
 မည်သို့ပင်ဖြစ်စေ
 အမှန်အတိုင်း ရှင်းပြချင်ပါသည်။
 အထင်သေးချင်လဲ သေးမည်
 မည်သို့ပင်ဖြစ်စေ
 ခံစားရသမျှကို ပြောပြချင်ပါသည်။
 မာနမရှိဟုထင်ချင်လဲ ထင်မည်
 မည်သို့ပင်ဖြစ်စေ
 ရိုးသားပွင့်လင်းချင်ပါသည်။
Thursday, January 19, 2012
အတ္တ
ဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးထင်တာလဲ အတ္တ
မဖြစ်နိုင်ဘူးထင်တာ ဖြစ်သွားတာလဲ အတ္တ
ဖြစ်သွားတာကို မဖြစ်ချင်တာလဲ အတ္တ
မဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်တာလဲ အတ္တ
ဖြစ်အောင်လုပ်လိုက်တာကို ဖြစ်နိုင်ပါ့မလားထင်တာလဲ အတ္တ
အတ္တ တွေတစ်ခုပြီး တစ်ခုထပ်လာလိုက်တာ
မဆုံးနိုင်တဲ့ အတ္တ တွေဖြစ်နေပါလား။
Tuesday, January 17, 2012
အလှပိုင်ရှင်
  သင်းပျံ့တဲ့ရနံ့
  အေးမြသောအရသာ
  အရောင်မှာ ၀ါရွှေသွေး
  နှစ်သက်ဖွယ် ရိုးရာ သနပ်ခါး
  နူးညံ့သော မျက်နှာမှာ ခြယ်မှုန်း
  ကြည်လင်သော မျက်နှာ
  အမြင်မှာ လန်းဆန်း
  တောက်ပသော မျက်လုံးအစုံ
  ဇင်ယော်တောင် မျက်ခုံး
  လှပသော နှာတံ
  သန္တာရောင် နှုတ်ခမ်း
  အပြုံးပန်းလေး တွဲခို
  ဖြောင့်စင်းသော ဆံနွယ်များနဲ့
  ကိုယ်ဟန်လေးလှပ တင့်တယ်
  ချစ်စရာ့ မိန်းမပျိုငယ်။
Friday, December 30, 2011
အကြားအမြင်
လူတွေက ပြောကြပါတယ်
 ကိုယ်တိုင်တွေ့ ကိုယ်တိုင်ကြားမှ
 ယုံကြည်ချင်ကြပါတယ်တဲ့
 ဒါပေမယ့် ကိုယ်တိုင်မြင်တာ
 ကိုယ်တိုင်ကြားတာတွေကို
 ကိုယ်က အမှန်လို့ထင်လိုက်ပေမဲ့
အဲဒီအမှန်ရဲ့  နောက်ကွယ်မှာ
 တကယ်တမ်း အမှားဖြစ်ပြီး
 ကိုယ်က အမှားလို့ထင်လိုက်တဲ့
 အမှားရဲ့ နောက်ကွယ်မှာ
 အမှန်တွေ ဖြစ်နေတတ်ပါတယ်
 ဘာဖြစ်လို့ လူတွေရဲ့ ဆက်ဆံရေးမှာ                   
 ဒီလိုလျှို့ဝှက်ချက်တွေ ရှိနေရတာလဲ။
 တစ်ဦးအပေါ်တစ်ဦး
 ထားတဲ့ ကောင်းတဲ့ ဆန္ဒနဲ့
 မကောင်းတဲ့ ဆန္ဒတွေအပေါ်
 အရင်းတည် ဖြစ်ပေါ်လာရခြင်းလား…………။   
Monday, October 24, 2011
ကြိုး
နူးညံ့တဲ့ ဟန်ပန်
ညင်သာတဲ့ တွယ်တာမှုနဲ့
နွယ်ပင်လို တစ်ရစ်ရစ်တိုး
သံယောဇဉ်….. ကြိုး။
ရုန်းလေ တိုးလေ
ရုန်းဖို့ ခက်လေ
အထပ်ထပ် ရစ်နွယ်
အရောင်တွေ မခြယ်
အဖြူရောင်
သံယောဇဉ် …....ကြိုး။      
Thursday, October 20, 2011
အချစ်
အချစ်မှာ
ဘယ်လို တန်ခိုးစွမ်းအားများပိုင်ဆိုင်ထားလဲ
အချစ်ကြောင့်
ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေ နှေးသွားတယ်
အမှားအမှန်ကို မခွဲခြားနိုင်တော့ဘူး
မျက်စိတွေ မှုန်သွားတယ်
အပြစ်အနာအဆာတွေ မမြင်တော့ဘူး
သူ့ရဲ့ ကောင်းကွက်လေးတွေပဲ မြင်တော့တယ်
နားတွေ လေးသွားတယ်
ဘယ်သူတွေ ဘာပြောပြော
နားမ၀င်တော့ဘူး
သူ့စကားတွေပဲ ကြားတော့တယ်……..။