Wednesday, March 28, 2012
မြို့ မျက်နှာဖုံး
 ရယ်နေသောလဲ
 ပျော်ရွှင် မနေပါ
 ငိုနေသောလဲ
 မြို့ပြရဲ့ အရှိန်အ၀ါ
 လူတွေရဲ့ လောဘ
 အတ္တ မာနတွေအောက်
 အတုံးအရုံး ပြိုလဲ
 အမှန် မျက်နှာမရှိ
 ဟန်ဆောင် မျက်နှာဖုံးတွေနဲ့မို့
 မြို့ မျက်နှာဖုံး ရယ်လို့  ဂုဏ်တင်ကာ
 အမည်တပ်ရမလို ဖြစ်နေပြီ  
1 comment:
စံပယ်ချို said...
ဟုတ်တာပေါ့ ခုအချိန်ခါမှာတော့ အမှန်မျက်နှာတွေရှားနေပြီ