Friday, December 30, 2011

အကြားအမြင်

လူတွေက ပြောကြပါတယ်
 ကိုယ်တိုင်တွေ့ ကိုယ်တိုင်ကြားမှ
 ယုံကြည်ချင်ကြပါတယ်တဲ့
 ဒါပေမယ့် ကိုယ်တိုင်မြင်တာ
 ကိုယ်တိုင်ကြားတာတွေကို
 ကိုယ်က အမှန်လို့ထင်လိုက်ပေမဲ့
အဲဒီအမှန်ရဲ့  နောက်ကွယ်မှာ
 တကယ်တမ်း အမှားဖြစ်ပြီး
 ကိုယ်က အမှားလို့ထင်လိုက်တဲ့
 အမှားရဲ့ နောက်ကွယ်မှာ
 အမှန်တွေ ဖြစ်နေတတ်ပါတယ်
 ဘာဖြစ်လို့ လူတွေရဲ့ ဆက်ဆံရေးမှာ                   
 ဒီလိုလျှို့ဝှက်ချက်တွေ ရှိနေရတာလဲ။
 တစ်ဦးအပေါ်တစ်ဦး
 ထားတဲ့ ကောင်းတဲ့ ဆန္ဒနဲ့
 မကောင်းတဲ့ ဆန္ဒတွေအပေါ်
 အရင်းတည် ဖြစ်ပေါ်လာရခြင်းလား…………။   

No comments: